ဝိညာဉ်ရေးရာ/မာနထောင်လွှားမှု/ကို ရှုတ်ချခြင်း
5
သင်တို့/ထဲမှ လူတစ်ယောက်/သည် မိထွေး/ဖြစ်သူ/နှင့် ပေါင်းသင်း/နေထိုင်/လျက်/ရှိကြောင်း ကျွန်ုပ်/ကြားသိရ၏။ ဘုရားသခင်/ကို မကိုးကွယ်သော/သူများ/၌/ပင် ထိုကဲ့သို့ တရား/နှင့်/မညီသော မေထုန်/ကို/ပြုခြင်း မရှိ။ 2 ဤသို့/ဖြစ်/လျက်ပင် သင်တို့/သည် မာနထောင်လွှား/ဆဲ/ရှိကြ၏။ အမှန်/တွင်မူ သင်တို့/သည် ဝမ်းနည်း/ပူဆွေး/လျက် ထို/သူ/ကို သင်တို့/အထဲမှ ထုတ်ပယ်/သင့်သည်/မဟုတ်လော။3-4 ကျွန်ုပ်/သည် လူ/ကိုယ်တိုင် သင်တို့/နှင့်အတူ မရှိ/သော်လည်း စိတ်ဝိညာဉ်/သည် သင်တို့/နှင့်အတူ/ရှိ၏။ ကျွန်ုပ်/သည် သင်တို့/နှင့်အတူ ရှိနေ/သကဲ့သို့ ထို/ဆိုးသော/အမှု/ကို ပြုသူ/ကို သခင်/ယေရှု/နာမ/အားဖြင့် စီရင်ပြီ။ သို့ဖြစ်၍ သင်တို့ စည်းဝေးကြ/သောအခါ ကျွန်ုပ်/၏/စိတ်ဝိညာဉ်/သည် သင်တို့/နှင့်အတူ/ရှိနေမည်/ဖြစ်/ပြီး ကျွန်ုပ်တို့/၏/သခင် ယေရှု/၏ တန်ခိုးတော်/သည်လည်း သင်တို့/နှင့်အတူ ရှိ/လိမ့်မည်။ 5 ထို့နောက် ထို/သူ/၏ ဗီဇစိတ်/ကိုa ဖျက်ဆီး/ရန် သင်တို့/သည် ထို/သူ/အား နှင်ထုတ်/၍ စာတန်/လက်/သို့ အပ်/ရမည်။ သို့မှသာ သခင်ဘုရားb ပြန်လည်/ကြွလာမည့်/နေ့/တွင် သူ/၏/ဝိညာဉ်/သည် ကယ်တင်ခံရ/နိုင်မည်/ဖြစ်၏။
6 သင်တို့/၏ ကြွားဝါခြင်း/သည် ကောင်းသော/အရာ မဟုတ်ပေ။ အပြစ်/သည် မုန့်ညက်/တစ်ပုံလုံး/ကို ဖောင်းကြွစေသော တဆေး/ကဲ့သို့/ဖြစ်သည်/ကို သင်တို့/မသိသလော။ 7 သင်တို့/သည် တဆေး/မပါသော/မုန့်ညက်/ဖြစ်ကြသည်/နှင့်အညီ တဆေးဟောင်း/ကို ဖယ်ရှားကြလော့။ သို့မှသာ သင်တို့/သည် တဆေး/မပါသော မုန့်ညက်သစ်/ကဲ့သို့ ဖြစ်ကြ/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/၏ ပသခါ/သိုးသငယ်/ဟူသော ခရစ်တော်/ကို ကျွန်ုပ်တို့/အတွက် ပူဇော်ပြီး/ဖြစ်/သောကြောင့်/ပင်။ 8 ထို့ကြောင့် မကောင်းမှု/နှင့် ဆိုးယုတ်မှု/ဟူသော တဆေးဟောင်း/ပါသည့်/မုန့်/နှင့် မဟုတ်ဘဲ ဖြူစင်မှု/နှင့် မှန်ကန်မှု/ဟူသော တဆေး/မပါသည့် မုန့်/နှင့် ပသခါ/ပွဲတော်/ကို ကျင်းပကြပါစို့။
9 ယခင်က သင်တို့/ထံ ပို့သည့် စာ/၌ တရား/နှင့်/မညီသော မေထုန်/ကို ပြုသူများ/နှင့် မပေါင်းဖော်ကြ/ရန် ကျွန်ုပ်/ရေးသား/မှာကြားခဲ့၏။ 10 ထိုသို့ ဆိုရာ/တွင် ဤ/လောက/ရှိ တရား/နှင့်/မညီသော မေထုန်/ကို ပြုသူများ၊ လောဘကြီးသူများ၊ လိမ်လည်/လှည့်ဖြားသူများ၊ ရုပ်တု/ကိုးကွယ်သူများ/နှင့် လုံးဝ/မပေါင်းဖော်ရ/ဟု မဆိုလိုပါ။ ထိုသို့/သာ ဆိုရ/လျှင် ထိုကဲ့သို့သော/သူများ/ကို ရှောင်ကြဉ်/ရန် သင်တို့/သည် ဤ/ကမ္ဘာ/လောက/မှ ထွက်ခွာသွား/ရပေမည်။ 11 ကျွန်ုပ်/ဆိုလိုသည်/မှာ ယုံကြည်သူ/ဖြစ်သည်/ဟု ဆို/လျက် တရား/နှင့်/မညီသော မေထုန်/ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တု/ကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူ/ဖြစ်နေ/လျှင် ထို/သူ/နှင့် မပေါင်းဖော်ကြ/ရန် သာမက သူ/နှင့်အတူ စားသောက်ခြင်း/ကိုပင် မပြုကြနှင့်/ဟူ၍ ဖြစ်၏။
12-13 အသင်းတော်/ပြင်ပ/မှ လူတို့/ကို စီရင်ခြင်း/သည် ကျွန်ုပ်/တာဝန်/မဟုတ်ပါ။ ထို/ပြင်ပ/လူတို့/ကို ဘုရားသခင် စီရင်တော်မူ/လိမ့်မည်။ အသင်းတော်/အတွင်း/မှ လူတို့/ကို စီရင်ခြင်း/သည် သင်တို့/၏ တာဝန်/ဖြစ်၏။ “ထို/ဆိုးညစ်သော/သူ/ကို သင်တို့/အထဲမှ ထုတ်ပယ်ကြလော့။”c